"နိုင်ငံတော်သမ္မတ၏ သဘောထား" ကုလားတွေ အရေးကို ပြတ်ပြတ်သားသားပြောပြီး
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် သမ္မတအိမ်တော် သံတမန်ဧည့်ခန်းမ ၌ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီး Mr. Antonio Guterres နှင့် တွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် ကချင်ပြည်နယ် စစ်ဘေးသင့်ပြည်သူများ အရေးကိစ္စ၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များအရေးကိစ္စနှင့် ရခိုင်ပြည်နယ်အရေးကိစ္စ များကို ဆွေးနွေးခဲ့ကြသည်။ နိုင်ငံတော်သမ္မတသည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားချက်မှာ အောက်ပါအတိုင်း ဖြစ်သည်-
"သမိုင်းကြောင်းအရ ဘင်္ဂါလီများ ၀င်ရောက်လာသည်မှာ ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးမရခင် အင်္ဂလိပ်နယ်ချဲ့များက လယ်ယာလုပ်ကိုင်ရန် ခေါ်သွင်း လာခြင်း ဖြစ်ကြောင်း၊ ထိုစဉ်က အလုပ်အကိုင် ကောင်းမွန်သဖြင့် မပြန်တော့ဘဲ အခြေချ နေထိုင်သူများလည်း ရှိကြောင်း၊ မိမိတို့ ဥပဒေအရ ၁၉၄၈ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံသို့ ရောက်ရှိသူ မိဘနှစ်ပါးက မွေးဖွားသူ တတိယမျိုးဆက် (Third Generation) မြေးအဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံမည်ဟူသော ဥပဒေ ရှိကြောင်း၊ ရခိုင်ပြည်နယ်ကို လေ့လာကြည့်လျှင် ၁၉၄၈ ခုနှစ် မတိုင်မီ ဘင်္ဂါလီများက ပေါက်ဖွားလာသူများ၊ နောက်ပိုင်းတွင် ရိုဟင်ဂျာအမည်ခံ၍ ခိုးဝင်လာသူများ စသည်ဖြင့် ရှုပ်ထွေးလျက် ရှိကြောင်း။"
"နိုင်ငံ
တည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာကြောင်း၊ ဤကိစ္စကို ကိုင်တွယ်ရန်
အလေးအနက်ထား စဉ်းစားလျက် ရှိပါကြောင်း၊ မိမိတိုင်းရင်း သားများကို
တာဝန်ယူမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာ သည့်
ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ နောက်ဆုံး
ဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့
အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိရန် ဖြစ်ကြောင်း၊ UNHCR က
ကျွေးမွေးစောင့်ရှောက်ပေးရန် ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည် ဆိုလျှင်
ပို့ပေးမည် ဖြစ်ကြောင်း၊ ဤသည်မှာ ပြဿနာဖြေရှင်းနည်းကို စဉ်းစားနေခြင်း
ဖြစ်ကြောင်း။"
သတင်း ထုတ်လွှင့်ချက် အပြည့်အစုံကို နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်တွင် လွှင့်တင်ထားပြီး ဖြစ်ပါသည်။ သတင်း Link မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
http://www.president-office.gov.mm/briefing-room/daily-news/news1061
ဤသည်မှာ နိုင်ငံတော်သမ္မတ၏ ရှင်းလင်းပြတ်သားသော၊ တိကျခိုင်မာသော၊ အငြင်းပွားဖွယ်ရာ မရှိသော၊ ကန့်ကွက်ငြင်းဆန်စရာ အလျဉ်းမရှိသော သဘောထားပင် ဖြစ်ပေသည်။
(၂၀၁၂ ဇူလိုင် ၁၂) နေ့စွဲဖြင့် ထုတ်ပြန်သည်။
No comments:
Post a Comment